ခုခေတ်ဟာ စမတ်ဖုန်းတွေရဲ့ ခေတ်ပါပဲ။ လူတိုင်းဟာ သူတို့ လက်ထဲမှာ ဖုန်းမပြတ် ကိုင်နေ၊ ပွတ်နေတဲ့ ခေတ်ကို ရောက်နေတော့တာပါပဲ။ ဘယ်သွားသွား၊ ဘာလုပ်လုပ် စမတ်ဖုန်းကတော့ အမြဲတမ်း ကိုယ်နဲ့မကွာ ရှိနေတော့တာပဲ ဖြစ်ပါတယ်။ဒါပေမယ့် ဒီနည်းပညာမှာလည်း မကောင်းတာတွေ ရှိနေပါတယ်။ ဥပမာအနေနဲ့တော့ တစ်ချို့သော လူတွေဟာ တစ်နေ့ကို selfie ဓာတ်ပုံ ရာပေါင်းများစွာ ရိုက်တတ်တဲ့ အကျင့် စွဲကုန်ကြပါတယ်။ ဒါဟာ စိတ်ကျန်းမာရေး ရောဂါအဖြစ် အမေရိကန်စိတ်ပညာရှင်အသင်းက မှတ်ချက်ပြုထားပါတယ်။

ဖုန်းကို သိပ် စွဲနေကြတာကြောင့်လည်း လူမှုဆက်ဆံရေးမှာ သက်ရောက်မှုတွေ ရှိကုန်ပါတယ်။ ကော်ဖီဆိုင်မှာ ဒါမှမဟုတ် အမြန်စာစားသောက်ဆိုင်မှာ ချိန်းတွေ့ကြတဲ့ စုံတွဲတော်တော်များများကို တွေ့နိုင်ပါတယ်။ သူတို့ဟာ ကိုယ်ဖုန်းကိုယ်ပွတ်ရင်း ကိုယ်ပိုင်အင်ပါယာမှာပဲ နေနေတော့တာပါ။ ချိန်းတွေ့ချိန်ရဲ့ အချိန်တော်တော်များများဟာ ဖုန်းစက္ကရင်မှာပဲ ကုန်ဆုံးတော့တာပါ။ မျက်နှာချင်းဆိုင် ဆက်ဆံရေးက ပါးလျသွားပါတော့တယ်။

ဘယ်လောက်တောင် ဖုန်းက လွှမ်းမိုးသွားပြီလည်းဆိုရင် အိပ်ရာဝင်ရင်တောင် ဖုန်းက ဘေးမှာပါ။ ဒါမှပဲ အလွယ်တကူ ယူလို့ရမှာပါ။ ဒါပေမယ့် ဒီလို အိပ်ရာထဲထိ ဖုန်းကို ယူတာအတွက် သတိပေးစရာတော့ ရှိနေပါတယ်။

ဒါကတော့ မကြာသေးခင်က NYPD 33rd Precinct ရဲဌာနက ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေကို မြင်တွေ့မယ်ဆိုရင် ဖုန်းနဲ့ အတူအိပ်တာဟာ အန္တရာယ်ရှိတာကို သတိထားနိုင်ကြမှာပါ။ ဒီ ဓာတ်ပုံတွေမှာ အိပ်ရာပေါ် ပေါက်ကွဲနေတဲ့ ဖုန်းကို မြင်ရပြီး “အိပ်တဲ့အခါဖြစ်စေ၊ ဖုန်းအားသွင်းတဲ့အခါ ဖြစ်စေ ခေါင်းအုံးအောက် ဖုန်းကို မထားပါနဲ့။ ဒီ ပုံကို ကျေးဇူးပြုလို့ ရှယ်ပြီး ဘေးကင်းကြပါစေ။”လို့ ရဲဌာနက သတိပေးထားပါတယ်။

 

ရဲဌာနက ဘယ်နေရာမှာ ဘယ်အချိန်က ဖြစ်တယ်ဆိုတာ မဖော်ပြထားပေမယ့် Gothamist သတင်းဌာနက ခုလို ဖြစ်ရပ်မျိုး ကြုံတဲ့ ဆယ်ကျော်သက်မိန်းကလေးရဲ့ အဖြစ်အပျက်ကို ဖော်ပြခဲ့ပါတယ်။

တက္ကဆက်ပြည်နယ်က ဒီ ဆယ်ကျော်သက်မိန်းကလေးဟာလည်း ခေါင်းအုံးအောက်မှာ ဖုန်းထားအိပ်ရာက ပေါက်ကွဲမီးလောင်မှု ဖြစ်ခဲ့တာကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
“သင့် ဆဲလ်ဖုန်းက သင့် ဘေးကင်းရေးကို ထိခိုက်စေတာမျိုးကို ဘယ်တော့မှ မဖြစ်ပါစေနဲ့။ နေ့စဉ်နေ့တိုင်းမှာ အသုံးကျကျ အသုံးပြုစရာ ပစ္စည်းအဖြစ်သာ သုံးစွဲပါ။”လို့ ရဲဌာနက သတိပေးခဲ့ပါတယ်။

Rf; Elite Reader
Writer_ မောင်သံဆင့် ( YGN Times )