တစ်ခါတစ်လေ အစာမကြေ၊ရင်ပြည့်နေတာမျိုးကြောင့် ဗိုက်အောင့်တာမျိုးကဖြစ်တတ်ပေမယ့် ဒီလို ဗိုက်အောင့်တာမျိုးဆိုရင်တော့ လုံးဝမပေါ့ဆဘဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်နော်…

၁. ရေရှည်ဖြစ်ပေါ်နေတဲ့ ဗိုက်အောင့်ခြင်း

တစ်ခါတစ်လေဗိုက်အောင့်တာမျိုးထက်ပိုပြီး သုံးလထက်ပိုကြာအောင် မကြာခဏအောင့်တတ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးပြသင့်နေပါပြီ… ဗိုက်အောင့်တာအပြင် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာစတဲ့ လက္ခဏာတွေရှိမရှိကိုပါ စောင့်ကြည့်သင့်ပါတယ်

၂. မူးဝေအော့အန်ပြီးဗိုက်အောင့်တာ

ဗိုက်အောင့်တဲ့အခါ တစ်ဆက်တည်း မူးဝေတာ၊ အော့အန်တာမျိုးရှိမယ်ဆိုရင်တော့ အစာအဆိပ်သင့်တာဖြစ်နိုင်ပါတယ်…တစ်ခါတစ်လေမှာအဲဒီထက်ပိုပြင်းထန်တဲ့ အူလမ်းကြောင်းပိုးဝင်တာ၊ အစာအိမ်အနာဖြစ်တာမျိုးတွေပါဖြစ်နိုင်တာမို့ ဆရာဝန်ဆီအမြန်ဆုံးသွားသင့်ပါတယ်နော်.

၃.သွေးပါပြီး ဗိုက်အောင့်တာ

 

ဗိုက်လည်းအောင့်နေမယ်၊ အန်တဲ့အခါ၊ဝမ်းသွားတဲ့အခါ သွေးပါနေမယ်ဆိုရင်လည်း မပေါ့ဆသင့်ပါဘူး… ဝမ်းထဲမှာသွေးပါတဲ့အခါ အမြဲတမ်း အနီရောင်ဖြစ်မနေဘဲ အမည်းရောင်လည်းဖြစ်နိုင်တာကို သတိပြုရပါမယ်

၄. ရုတ်တရက်စူးစူးရှရှအောင့်တာ

ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန်ဗိုက်အောင့်ပြီး အသက်ပါရှူလို့မရဖြစ်နေပြီဆိုရင်တော့ ကျောက်ကပ်မှာကျောက်တည်တာ၊ အူအတက်ပေါက်တာမျိုးတွေဖြစ်နိုင်ပါတယ်… ဆရာဝန်နဲ့အမြန်ဆုံးမပြသရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်

၅.ကိုယ်အလေးချိန်ကျဆင်းပြီးဗိုက်အောင့်တာ

ဝိတ်ချနေတာမျိုးကြောင့်မဟုတ်ဘဲ ကိုယ်အလေးချိန်ရုတ်တရက်ကျဆင်းမယ်၊ဗိုက်လည်းအောင့်မယ်ဆိုရင်လည်း ကြီးမားတဲ့ရောဂါတစ်ခုခုဖြစ်နေနိုင်တာမို့ ဆရာဝန်ဆီသွားပြီး အမြန်ဆုံးအဖြေရှာသင့်ပါတယ်

၆.ဗိုက်အောင့်ပြီးဖျားတာ

ဗိုက်လည်းအောင့်မယ်၊ ခန္ဓာကိုယ်အလေးချိန်လည်း မြင့်တက်နေမယ်ဆိုရင်တော့ တုပ်ကွေးလိုကူးစက်ရောဂါပိုးတစ်ခုခုဖြစ်တာဖြစ်နိုင်ပါတယ်… ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်

Writer- Myat Thinzar ( YGN Times )