သူမရဲ့ နောက်လိုက်သာဝကတွေရဲ့ ပြောကြားချက်အရ ဗြိတိန် အီးယူကအထွက်နဲ့ ကိုရိုနာဗိုင်းရပ်စ် နိုးထလာမှုနဲ့အတူ ကမ္ဘာနဲ့အဝန်း စီးပွားရေးပြိုလဲမှုဟာ ဥရောပကို ပျက်စီးသွားစေလိမ့်မယ်လို့ အကြားအမြင်ဆရာမကြီး ဘာဘာ ဘန်ဂါက ကြိုတင်ဟောကိန်းထုတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဘော်လကန် နိုစထရာဒေးမတ်စ်ရယ်လို့ ခေါ်ကြတဲ့ ဒီနာမည်ကြီး မျက်မမြင်အကြားအမြင်ဆရာမကြီးဟာ သေလွန်ပြီးနောက်မှာတောင်မှပဲ ကျရောက်အံ့ဆဲဆဲ ကပ်ဘေးတွေအကြောင်းကို လူသားမျိုးနွယ်ကို သတိပေးထားခဲ့တယ်လို့ ဆိုပါတယ်။ ဘာဘာဟာ စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှုကိုလည်း ကြိုပြောထားခဲ့သလို၊ ရုရှ ရေငုပ်သင်္ဘော နစ်မြှုပ်မယ့်အကြောင်းကိုလည်း ကြိုတင်ဟောကိန်းထုတ်ထားခဲ့တဲ့အပြင် အိုင်အက်စ်အကြမ်းဖက်အုပ်စု ထကြွမှု၊ ဆူနာမီနဲ့ ၂၀၁၆မှာ ပေါ်ထွက်လာမယ့် ယူကေ အီးယူအထွက်ကိုလည်း ကြိုတင်နိမိတ်ဖတ်ခဲ့တာပဲ ဖြစ်ပါတယ်။

သူမ သက်ရှိထင်ရှားစဉ်က လူကိုယ်တိုင်သိဖူးခဲ့တဲ့ နောက်လိုက်သာဝတစ်ယောက်ကတော့ အဖွားဘာဘာဟာ ၂၀၂၀မှာ ကျနော်တို့အားလုံးအပေါ် ကိုရိုနာကပ်ဘေးကျလာမယ်ဆိုတာကိုလည်း ကြိုပြောထားခဲ့တယ်လို့ ဆိုပါတယ်။် ဖုံးကွယ်အဖြစ်မှန်သဘောတရားသမားတွေကတော့ ၁၉၉၆ခုနှစ်မှာ သူမ သေဆုံးခဲ့ပေမယ့်လည်း ကမ္ဘာ့ဖြစ်ရပ်တွေအပေါ် သူမရဲ့ ဟောကိန်းတွေကို ယုံကြည်နေကြတုန်းပဲ ဖြစ်ပါတယ်။

အခုတော့ သူမရဲ့ ဟောကိန်းကြီးတွေထဲက တစ်ခုဟာလည်းး မှန်လာတော့မယ်လို့ ဆိုပါတယ်။ သူမက ၂၀၂၀လောက်မှာ ဥရောပဟာ စီးပွားရေးအကျပ်အတည်းကြီးဆိုက်ပြီး ဥရောပတိုက်ကြီးဟာလည်း နိဂုံးကမ္ပာတ်အဆုံးသတ်ကို ရောက်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီပျက်ကပ်ကြီးကို မျက်မမြင်ဆရာမကြီးက ၁၉၇၀ခုနှစ်တွေမှာ ဟောကိန်းထုတ်ထားတာဖြစ်ပြီး ယူကေ အီးယူကထွက်ပြီး မကြာခင်မှာဖြစ်လာလိမ့်မယ်လို့ ပြောထားခဲ့တာပဲ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ကမ္ဘာနဲ့အဝန်းမှာ လုပ်ငန်းတွေ၊ ဆိုင်တွေကို ပိတ်လိုက်ရတဲ့အတွက် စီးပွားရေးအကျပ်အတည်းက အဆင်းကို ဘီးတပ်လိုက်သလို ပိုပြီးနက်နဲသည်းသန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ပိတ်သိမ်းမှု ဆောင်ရွက်ချက်တွေရဲ့ ခြောက်ချားစရာ လူသူကင်းဆိတ်သွားမှုကိုလည်း ဘာဘာက ဥရောပဟာ ၂၀၂၀မှာ ပြဿနာတွေအများကြီးကို ရင်ဆိုင်ရပြီး အသက်ဓာတ်ပုံစံရယ်လို့ ကင်းမဲ့သွားတဲ့ ဖုန်းဆိုးမြေကြီးတစ်ခု ဖြစ်လာမယ်လို့တောင် ဟောကိန်းထုတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

ပညာရှင်တွေကလည်း ကမ္ဘာ့စီးပွားရေးပြိုလဲမှုဟာ လမ်းကြောင်းပေါ် ရောက်လာနေပြီး နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ကလည်း တစ်ကမ္ဘာလုံးပြိုလဲမှုဟာ မကြာမီဖြစ်ပေါ်လာတော့မယ်လို့ သတိပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ဖြစ်လာဦးမယ့် အကြားအမြင်ဆရာမကြီးရဲ့ ဟောကိန်းတွေ ကျန်နေပါသေးတယ်။ အဲဒါကတော့ ၂၀၂၀ခုနှစ်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ဟာ ထူးထူးဆန်းဆန်း ဖျားနာပြီး ဦးနှောက်မှာ အမြစ်လုံးတွယ်ပြီး စွံ့အနားမကြားဖြစ်သွားမယ်ဆိုတာပါပဲ။

နောက်တော့ ရုရှသမ္မတ ဗလာဒီမီယာ ပူတင်ဟာလည်း သူနဲ့အဆင့်တူ တစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတာကို ခံရဖွယ်ရှိပြီး ဥက္ကာပျံတစ်ခုလည်း ရုရှကို ဝင်တိုက်ကာ အာရှမှာလည်း နောက်ထပ် ဆူနာမီဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

Writer_ နေဇင်ထွန်း ( YGN Times )
Source : Daily Star