အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ မစုမို့မို့နိုင်ကို ကမ္ဘာ့မီဒီယာတွေက အထူးတလည် ဖော်ပြနေပါတယ်။

သူ့ ခါးအရွယ်အစားဟာ ၁၃.၇ လက်မသာရှိတာကြောင့် ကမ္ဘာ့ခါးအသေးဆုံးစာရင်းဝင်နိုင်တယ်လို့ Daily Mail သတင်းစာကြီးက တခုတ်တရ ဖော်ပြထားပါတယ်။

မစုမို့မို့နိုင်ဟာ လူမှုမီဒီယာတွေမှာ သူ့ ဓာတ်ပုံတွေ တင်လေ့ရှိပြီး ဝေဖန်သူတွေကတော့ ပုံတွေဟာ ပြုပြင်ထားတာလို့ စွပ်စွဲကြပေမယ့် သူကတော့ ငြင်းပါတယ်။

ကျန်းမာအောင် စားသောက်နေထိုင်တာကြောင့် သူရဲ့ ခါးအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမရှိဘူးလို့ မစုမို့မို့နိုင်က ပြောပါတယ်။

လူမှုမီဒီယာမှာ တင်လေ့ရှိတဲ့ ဓာတ်ပုံတွေကြောင့် သူဟာ ခန္ဓာကိုယ်လှပကြောင်း ချီးမွှမ်းပြောဆိုတာကိုလည်း ခံရပါတယ်။

အင်္ဂလန်ကျန်းမာရေးဌာနက ထုတ်ပြန်ထားတာကတော့ ကျန်းမာတဲ့ ခါးအရွယ်အစားဟာ ၃၁.၅ လက်မထက် မကျော်လွန်ရလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ခါးအသေးသွယ်ဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းမှာ လက်ရှိ စံချိန်တင်ထားတာက အင်္ဂလန်က အားဂရန်ဂျာဆိုသူဖြစ်ပြီး ခါးအရွယ်အစားမှာ ၁၃ လက်မသာ ရှိပါတယ်။

ဂရန်ဂျာဟာ ခါးသေးလေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်လေ့ရှိသူဖြစ်ပေမယ့် ခုလို ခန္ဓာကိုယ်မျိုးရအောင် အတွင်းခံ ကျပ်ကျပ်တွေကို အမြဲဝတ်လေ့ရှိပါတယ်။

အချို့သော အမျိုးသမီးတွေဟာ ခါးသေးရင်ချီ ခန္ဓာကိုယ်မျိုးရအောင် နံရိုးအသားတွေကို ခွဲစိတ်လှီးထုတ်တာတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

Rf; Daily Mail
Writer_ မောင်သံဆင့် ( YGN Times )