ကိုလိုရာဒိုပြည်နယ်သားတစ်ယောက်ဟာ တစ်ရက်တည်းမှာတင် နံပါတ်တစ်ခုတည်းနဲ့ ဒေါ်လာ တစ်သန်းဆု နှစ်ကြိမ် ထီပေါက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကိုလိုရာဒို ထီဌာနက ဂျိုးဘီလို့ ဖော်ပြတဲ့ အဆိုပါအမျိုးသားဟာ လွန်ခဲ့တဲ့၂၅ရက်နေ့ နံနက်ခင်းက ထီလက်မှတ်အနည်းငယ် ဝယ်ယူခဲ့ပြီး ညပိုင်းမှာ နောက်ထပ် နည်းနည်းထပ်ဝယ်ခဲ့တယ်လို့ ထီဌာနက သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

ဂျိုးဘီရဲ့ ထိုးမြဲနံပါတ်နဲ့ လက်မှတ်နှစ်စောင်က ပေါက်သွားလို့ သူဟာ သောကြာနေ့မှာပဲ ဆုကြီးနှစ်ဆုကို ဆွတ်ခူးသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုတော့ ဂျိုးဘီဟာ သူ့ရဲ့ဆုကြေးငွေကို ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်းမှာ ဒေါ်လာ တစ်သောင်းနဲ့အထက် လက်မှတ်တွေအတွက် ကိုလိုရာဒိုထီဌာနက ဖွင့်လှစ်ထားတဲ့ လမ်းဘေးဝန်ဆောင်မှုဌာနတွေမှာပဲ ထုတ်ယူနိုင်ပြီဖြစ်ပါတယ်။

ထီပေါက်သူတွေဟာ ဆုထုတ်ယူဖို့အတွက် အီးမေးကတစ်ဆင့်ပဲဖြစ်ဖြစ် အချိန်းအချက်လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ပိုက်ဆံတွေကို ဘယ်လိုသုံးမလဲလို့ မေးတဲ့အခါမှာတော့ ဂျိုးက “သူဌေးမှာ အစီအစဉ်တွေ အများကြီးရှိတာပေါ့”လို့ ပြောကြားပါတယ်။

Writer_ နေဇင်ထွန်း ( YGN Times )
Source : UPI